၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ


မန္တလေးပညာရေးကောလိပ် ကျောင်းသားတွေက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ မတ်လကုန်အထိ စာသင်ချိန်တိုးမြင့်ခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ပေးဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့က လမ်းလျှောက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဗကသ ကျောင်းသားအောင်ဖြိုးဝေက “ကျနော်အနေနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်လိုက်တဲ့မတ်လကုန်အထိ စာသင်ချိန် တိုးမြှင့်လိုက်တာကြောင့် ကျောင်းသားငယ်တွေနဲ့ မိဘတွေ/ဆရာမတွေ အခက်အခဲများစွာ တွေ့ကြရမှာဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းကျကျ ပြောင်းလည်းဖို့ ဆရာမတွေအနေနဲ့ရော ကျောင်းသား တွေအနေနဲ့ပါ တောင်းဆိုနေတာဖြစ်ပါတယ်။ အဲလိုတောင်းဆိုမှသာ ကျနော်တို့ ဒီမိုကရေစီပညာရေးနဲ့အညီ နိုင်ငံတော်ရဲ့ပညာရေး ကလေးတွေ ပညာရေးရော တိုင်းပြည်ရဲ့ပညာရေးရော ကောင်းမွန်လာမှာဖြစ်တယ်။ ဒါကြောင့် အခု ပညာရေး ဝန်ကြီးဌာက ထုတ်ပြန်ထားတာကို ပြင်ဆင်ပေးဖို့တောင်းဆိုရတာဖြစ်တယ်”လို့ ပြောပါတယ်။

အခြေံပညာကာလ တိုးမြှင့်ခြင်းအား အမြန်ဆုံး ပြန်လည်ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စနစ်နဲ့အညီ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာရေး၊ သုတေသန မဆန်သော ပညာရေး စနစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာပြောင်းလဲမှု အလိုမရှိ စတဲ့ တောင်းကြွေးကျော်သံများ ကြွေးကျော်ပြီး ကျောင်းသား/သူ ၁၀၀ နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို