၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်


ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း
YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်
By မြင့်ကျော်လှိုင် on Sunday, January 19, 2020 - 18:58
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအသုံးပြုသည့် Mayor Maung Maung Soe ဖေ့စ်ဘွတ်ခ်ပေ့ချ်သည် ကိုယ်ရေး ကိုယ်တာသုံး အကောင့်ဖြစ်နေသ ဖြင့် ပိတ်လိုက်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။


‘‘သူတင်တာတွေက YCDC ကိုယ်စားပြု တင်တာဖြစ်တယ်။ သို့သော် တကယ့်အကောင့်က ပါဆင်နယ်အကောင့် ဖြစ်နေ တယ်။ ဟက်ကာကြောင့်မဟုတ် ပါဘူး။ မြို့တော်ဝန်ရဲ့ ဖေ့စ် ဘွတ်ခ်အကောင့်က သူ့ရဲ့ပါဆင် နယ် အကောင့်ဖြစ်တဲ့အတွက် ကြောင့် သူကပိတ်လိုက်တာပေါ့’’ ဟု ဦးသန်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန က မြို့တော်ဝန်ကိုယ်စား YCDC အမည်ဖြင့် ပေ့ချ်အသစ်ဖွင့်လှစ် ကာ သတင်းအချက်အလက်များ ဆက်လက်တင်ဆက်မည်ဖြစ်ပြီး မြို့တော်ဝန်၏ Mayor Maung Maung Soe ပေ့ချ်ကိုမူ ရှာတွေ့ တော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၉ ဇွန်လတွင် Social Media Development Myanmar အဖွဲ့က ရန်ကုန်မြို့တော် ဝန်ဖေ့စ်ဘွတ်ခ်ပေ့ချ်နှင့် မန္တလေး မြို့တော်ဝန် ဖေ့စ်ဘွတ်ခ် အ ကောင့်ကိုနှိုင်းယှဉ်၍ စစ်တမ်း တစ်ခုပြုလုပ်ခဲ့သည်။အဆိုပါစစ် တမ်းတွင် ရန်ကုန်မြို့တော်ဝန်၏ Follower သည် လေးသောင်းခွဲ အထက်သာရှိပြီး မန္တလေးမြို့ တော်ဝန်၏ Follower သည် တစ် သိန်းသုံးသောင်းကျော်အထိ ရှိ သည်။

မန္တလေးမြို့တော်ဝန်သည် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို အ သုံးပြု၍ လူထုဆက်သွယ်ရေး ထိ ရောက်စွာ ဆောင်ရွက်နေသည့်အ ပြင် မြို့ခံပြည်သူများနှင့် ထိတွေ့ ဆက်သွယ်မှုလည်း မြင့်မားနေ ကြောင်း စစ်တမ်းတွင် ဖော်ပြ ထားသည်။

မန္တလေးမြို့တော်ဝန်သည် လူမှုကွန်ရက်သို့ သတင်းအချက် အလက်တင်ဆက်ရာတွင် ကိုယ် တိုင်တင်ဆက်ခြင်းဖြစ်ပြီး ရန်ကုန် မြို့တော်ဝန်သည် Adminခန့်အပ် ကာ အခြားသူကတင်ဆက်ခြင်း ဖြစ်ကြောင်း ယင်းစစ်တမ်းက ဖော်ပြသည်။


Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို