၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို


ကုန်ဈေးနှုန်း ကြီးမြင့်မှု ထိန်းချုပ်ပေးရေးနှင့် ဖူလုံမှုရှိ သော လုပ်ခလစာနှုန်းထား အသစ်တိုးမြှင့် သတ်မှတ်ပေးရန် ထောင် ချီသော အလုပ်သမားများက ဇန် နဝါရီ ၁၉ ရက်တွင် နေရာနှစ်ခု၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွှေပြည်သာမြို့နယ် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား ၁,၇၀၀ ကျော်က လှော်ကားဘူ တာရုံအနီးမှ လေးမိုင်ခန့် ကွာဝေး သော အလုပ်သမားဆက်ဆံရေး ရုံးရှေ့အထိ ချီတက်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်ပေး ရန်၊ လုပ်ခလစာ မလုံလောက်မှုကြောင့် လက်ရှိရနေသော အနည်းဆုံး အခကြေးငွေနှုန်းထားကို အစိုးရက ဖူလုံမှုရှိသော လုပ်ခလစာနှုန်းထား အသစ်တိုးမြှင့် သတ် မှတ်ပေးရန် ခေတ်ကာလနှင့် လျော်ညီသော လုပ်ခလစာ ရရှိ ရေး၊ အလုပ်သမားသမဂ္ဂများ အလုပ်ထုတ်ခြင်းမှ ကာကွယ်ပေးရေး၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ပေးရေး စသည့်အချက်များကို အလုပ်သမားများက တောင်းဆိုခဲ့သည်။

အစိုးရ သတ်မှတ်ပေးထား သော အနည်းဆုံးအခကြေးငွေ သည် လက်ရှိကုန်ဈေးနှုန်းဖြင့် မလုံလောက်ခြင်းကြောင့် သင့်လျော်သည့် နှုန်းထားတစ်ခုသို့ တိုးမြှင့် ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ် သည်ဟု ရွှေပြည်သာမြို့နယ် အခြေစိုက် STUM အလုပ်သမား သမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ဦးဇင်ဝေအောင်က ပြောသည်။

 ထို့အတူ လှိုင်သာယာမြို့ နယ်ရှိ အလုပ်သမား ၅,၀၀၀ ကျော်ကလည်း အဆိုပါ အချက် များကို တောင်းဆိုဆန္ဒပြခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင် သော ရွှေပြည်သာစက်မှုဇုန်ရှိ ဖိနပ်ချုပ်စက်ရုံတစ်ရုံမှ လူငယ်အ မျိုးသားတစ်ဦးက အဆောင်လခ မြင့်တက်လာသဖြင့် လစာတိုးမြှင့်လိုချင်သည်ဟုဆိုသည်။ ယခင်ကအမျိုးသားတစ်ဦးအတွက် အဆောင်လခ ကျပ်သုံးသောင်းမှ လေးသောင်းခန့်သာ ရှိသော်လည်း လက်ရှိတွင် ကျပ်ရှစ်သောင်းခန့် ပေးရသည်ဟု ၎င်းကဆိုသည်။

 ‘‘လက်ရှိလစာနဲ့ မလုံ လောက်ဘူး။ မလုံလောက်တဲ့အ တွက် ခေတ်နဲ့လျော်ညီတဲ့ လုပ်ခ လစာကို လိုချင်တယ်။ အဲဒီလိုမျိုး ပေါ့နော်’’ဟု အဆိုပါလူငယ်က ပြောသည်။

‘‘ဒီတစ်ခါ ဆန္ဒပြတာက ကိုယ်ထူကိုယ်ထ အလုပ်သမား တွေ စုရုံးပြီး လုပ်ဆောင်တာပါ’’ ဟု လှိုင်သာယာဆန္ဒထုတ်ဖော်ပွဲ တွင်ပါဝင်သူ မသန္တာစိုးက ပြော ကြားသည်။

စက်ရုံ ၂၀ မှ အလုပ်သမား သမဂ္ဂများဦးဆောင်ပြီး အလုပ်သ မားများက ငွေစိုက်ထုတ်၍ ဆန္ဒထုတ်ဖော်သည်ဟု ၎င်းကဆို သည်။

ဆန္ဒထုတ်ဖော်သော အလုပ် သမားများသည် အနည်းဆုံးအခ ကြေးငွေဥပဒေ ပြဋ္ဌာန်းချက်အ တိုင်း အနည်းဆုံး အခကြေးငွေ နှုန်းထားသစ်ကို ၂၀၂၀ မေလတွင်သတ်မှတ်ပေးရန် အဓိကရည် ရွယ်သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်