၂၄.၁.၂၀၂၀ ( နံနက် ၁၀ နာရီ ၁၀ မိနစ် ) တပ်မတော်က တရားစွဲထားသည့် ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကို ဝရမ်းထုတ်



နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဝရမ်းထုတ်လိုက် ပါတယ်။ 

ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး နိုင်ငံတော် အကြည်ညှိပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားစွဲဆိုထားတာပါ။ 

ပြီးခဲ့တဲ့ ရုံးချိန်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ မတက်ရောက်ခဲ့တာကြောင့် ဝရမ်းထုတ်တာလို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၂၀၂)အရ မစစ်ဆေးရသေးတာမို့ စစ်ဆေးပေးဖို့စာတင်ထား တဲ့အတွက် ရုံးချိန်းမတက်ရောက်ဖြစ်တာဖြစ်ပြီး တရားရုံးက နားလည်မှုလွဲမှားကာ ဝရမ်းထုတ် လိုက်တာလို့ ယူဆကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။ 

လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်မယ်ဆိုတဲ့ အကြောင်းတရားရုံးကို ဒီနေ့ပဲ စာပေးပို့သွားမှာဖြစ်တာကြောင့် ဝရမ်းကို အတည်ပြုစရာ မလိုတော့ဘူး လို့လည်း ဆက်လက်ပြောပါတယ်။ 

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို