၂၁.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၈ မိနစ် ) ‌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာမည့် ပင်လည်ဘူးမြို့တွင် လုံခြုံရေးထူထပ်စွာ ချထား


စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့သို့ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော် အပါအဝင် လုံခြုံရေး ထူထပ်စွာ ချထားသည်ကို တွေ့ရရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့ခံလူထုနှင့် အခြားနယ်ခံများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြရန်အတွက် နံနက်အစောပိုင်းကတည်းက လှုပ်ရှားပြင်ဆင်နေကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ရဟတ်ယာဉ်သည် ပင်လည်ဘူးမြို့ ပြည်သူ့အားကစားတွင် ကွင်းဆင်းမည်ဖြစ်ပြီး ယင်းပြည်သူ့ အားကစားကွင်းကနေတစ်ဆင့် ကားဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများလည်း ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ပင်လည်ဘူးမြို့ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို