၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၃ မိနစ်) ဟင်္သာတခရိုင်အတွင်း တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းမည်ဖြစ်၍ စိုးရိမ်ထိတ်လန့်ခြင်းမရှိစေရေး သတိပေး


မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ တိုက်ခိုက်ရေးလေ ယာဉ်များ ပျံသန်းစဉ် ကောင်းကင် တွင် ပြင်းထန်သော ပေါက်ကွဲသံ များ ထွက်ပေါ်လာမည်ဖြစ်၍ စိုးရိမ် ထိတ်လန့်ခြင်းမရှိရန် ဟင်္သာတခရိုင်အတွင်း သတိပေး ချက်ထုတ်ပြန်သည်။

မင်္ဂလာဒုံလေတပ်စခန်းဌာန ချုပ်၊ လေတပ်ဆွယ်(မှော်ဘီ)မှ တိုက်ခိုက်ရေးလေယာဉ်များ သည် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရာသီဥတုသာယာချိန်များ တွင် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းမည်ဖြစ်ကြောင်း  တိုင်းစစ်ဌာနချုပ်၏ အသိပေးချက်ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံလူထုထံ ထပ်ဆင့်သတိပေးခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့တွေက ဒီအ ချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေဆီ အဆင့်ဆင့် အကြောင်း ကြားနေတယ်။ ဖုန်းနဲ့က မြန် တယ်။ စာက နောက်ကလိုက် မယ်’’ဟု ဟင်္သာတမြို့နယ် အုပ် ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဇန် နဝါရီ ၁၉ ရက်တွင်ပြောသည်။

အဆိုပါ ပျံသန်းမှုသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည်ဖြစ် ၍ ဒေသခံအားလုံး အချိန်မီသိရှိ နိုင်ရန် လိုအပ်သည်။

Supersonic Flight ဟုခေါ် သော အသံထက်မြန်သောနှုန်းဖြင့် တိုက်လေယာဉ်များ ပျံသန်းစဉ် ကျယ်လောင်သောပေါက်ကွဲသံ များထွက်ပေါ်လေ့ရှိပြီး လေတပ် စခန်းဌာနချုပ်ရှိသော ဒေသများ နှင့် အနီးဝန်းကျင်မြို့နယ်များ တွင် ယင်းကဲ့သို့ ပေါက်ကွဲသံများ ကြားရလေ့ရှိသည်။ တိုက်လေ ယာဉ်များသည် အမြင့်ပေ ၁၂, ၀၀၀ မှ ပျံသန်းကြခြင်းဖြစ်သည်။

ယခု အသိပေးချက်တွင် ဟင်္သာတခရိုင်ရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့ ပါဝင် သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို