၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၅၄ မိနစ် ) ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို စတင်လုပ်ဆောင်မည်


ချင်းတွင်းမြစ် အထက်ပိုင်းဒေသရှိ အိန္ဒိယ - မြန်မာနယ်စပ် ၊ နာဂဒေသနှင့် ခန္တီး -ဟုမ္မလင်း -ဖောင်းပြင်-သက္ကယ်ချင်းလမ်း တို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ် ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်မှာ ပြည်ထောင်စု ဘတ်ဂျက်က သန်း ၁၀၀ တော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ လုပ်မယ်။ အလိုင်းမင့်ကလည်း သေချာသွားပြီ။ အလိုင်းမင့်နံပါတ် ၁ ကို ရွေးလိုက်ပါတယ်။ ဒေသခံတွေကလည်း သဘောတူတယ်။ ချဉ်း ကပ်လမ်းမှာ လက်ဖက်ခင်း ၁၄ ဧက ဖျက်ရ မယ်။ ပင်းမာရွာဘက်မှာ မူလတန်းကျောင်း ရဲ့ဝန်ထမ်းအိမ်ရာနှစ်လုံးပါတယ်။ အဲဒါတွေ ကိုတွက်ပြီးတော့ မြို့နယ်ခရိုင်တွေက တွက် ချက်တင်ပြရမှာပေါ့။ လာမယ့် ဘတ်ဂျက်မှာ တော့ ပြည်ထောင်စုကလည်း လျာထားပေါ့။ တိုင်းဒေသကြီး ဘတ်ဂျက်ကလည်း အထိုက် အလျောက်လျာထားပေါ့။ အဲဒီကျမှ အရှိန် အဟုန်နဲ့ဆောင်ရွက်မှာပါ။ အခုရလာတဲ့ ကျပ်သန်း ၁၀၀ နဲ့အကြို အင်ဂျင်နီယာလုပ် ငန်းတွေ စတင်လုပ်ဆောင်ပါ့မယ်။ မြေအနေ အထား စမ်းသပ်တာ၊ လမ်းအူကြောင်းလုပ် တာတို့ ဆောင်ရွက်မယ်ပေါ့။ အခု အတည် ပြုတဲ့နေရာက ထမံသီအပေါ်ဘက်မှာ ထမံ သီနဲ့ ခြောက်ဖာလုံဝေးတယ်။ ပေ ၁၅၀၀ ကျော် ရှိတယ် ။ မြေသားလည်း တည်ငြိမ်တယ်။ သင်္ဘောတွေ သွားလာဖို့အတွက် ရေလမ်း လည်း အဆင်ပြေတယ်။ အထိအခိုက်အ နည်းဆုံးနေရာပါ။ ပညာရှင်တွေကလည်း သဘောကျပြီး ကျေးရွာကဒေသခံတွေလည်း သဘောတူပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

‘တံတားပြီးစီးမှုကတော့ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးတော့အမြန်ဆုံးလုပ်မှာပါ။ ရန်ပုံငွေဘယ်လောက်ရမလဲ မသိဘူးလေ။ ၂၀၂၁-၂၀၂၂ ဝန်းကျင်လောက်တော့ ပြီးမယ် ထင်ပါတယ်။ တံတားတစ်စင်းကလည်း နှစ်နှစ်လောက် တည်ဆောက်ရတာကိုး။ ကျပ် ၃၃ ဘီလျံကုန်မယ်လို့ခန့်မှန်းထားပါတယ်။ အဲဒီဘတ်ဂျက်က တစ်နှစ်ထဲ မရဘူးလေ။ နှစ်အလိုက်ထည့်ပြီး လုပ်ရမှာပါ။ တံတား အရှည် ပေ ၁၅၀၀ ကျော်ပါ။ ချဉ်းကပ်လမ်း က ပင်းမာရွာဖက်က တစ်မိုင်နဲ့ ငါးဖာလုံပါ။ ထမံသီရွာဘက်က ခြောက်ဖာလုံပါ။ ဒီတံတား က အများကြီးအကျိုးပြုမှာပါ။ တံတားတွေ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အမြတ်အစွန်းရဖို့ မဟုတ်ဘူးလေ။ ဒေသရဲ့လိုအပ်ချက် ဒေသခံပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးအတွက် အဓိက ဆောင်ရွက်နေတာပါ။ ထမံသီကနေ အ နောက်ဘက် ၄၁ မိုင်မှာ လေရှီးမြို့ရှိတယ်။ အဲဒီ အနောက်ဘက်မှာလည်း ပန်ဆပ် ၊ ဆွမ္မ ရာဒေသတွေ ရှိတယ်။ နာဂဒေသတွေကို ပြည်မကို ဆက်သွယ်ပေးမယ့် တံတားပါပဲ။ အဓိကက ကျွန်တော်တို့ ဝန်ကြီးချုပ်ကြီးက ၂၀၁၇ မှာ နိုင်ငံတော်သမ္မတကြီး ဦးထင် ကျော်လာတုန်းက ဒေသလိုအပ်ချက်အရ တင်ပြလိုက်တာပါ ။ ဘာကြောင့်လဲဆိုတော့ ချင်းတွင်းအထက်ပိုင်းက ရေလမ်းတစ်ခုတည်း အားကိုးရတာလေ။ အောင်စိုးမိုးကျော် နစ် မြုပ်တုန်းကလည်း လူပေါင်း အသက် ၈၀ ကျော်ဆုံးရှုံးခဲ့တာ။ ဒါကြောင့် ရေလမ်းတစ်ခု တည်းမဟုတ်ဘဲ ကုန်းလမ်းကနေလည်း ထွက်လို့ရအောင်ဆိုပြီး ဒီတံတားကြီးကိုလုပ် တာပါ။ ဒီတံတားပြီးသွားရင်တော့ ခန္တီး- ဟုမ္မလင်း-ဖောင်းပြင်-သက္ကယ်ချင်း လမ်းက နေမုံရွာ၊ ရေဦး ၊ မန္တလေး၊ ရန်ကုန်တွေကနေ ကချင်ပြည်နယ် မြစ်ကြီးနားတို့အထိ သွား လို့ လွယ်သွားပြီ။ အကြိုအင်ဂျင်နီယာလုပ် ငန်းတွေကို ကျပ်သန်း ၁၀၀ ရရှိပြီး မကြာမီ မှာ လုပ်ငန်းတွေ စတင်ပါတော့မယ်” ဟု စစ် ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

“အခု အကြိုအင်ဂျင်နီယာတွေ လုပ်မယ်။ နောက်နှစ်မှာ တံတားလုပ်ငန်းစမယ်လို့ သိထားတယ်။ ထမံသီ-လေရှီး-ဆွမ္မရာ အိန္ဒိ ယ-မြန်မာနယ်စပ်အထိ ဒီလမ်းက ပေါက် တယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းတွေက လည်း ပိုပြီးပွင့်လာမယ်။ တံတားပြီး သွားရင် အရင်ကမိုးတွင်းဆို ကုန်းလမ်းကနေ သွားလို့ အဆင်မပြေဘူး။ ဒီတံတားပြီးသွားရင် အိန္ဒိ ယနယ်စပ်ကနေ ခန္တီး-ဟုမ္မလင်း-ဖောင်းပြင် -သက္ကယ်ချင်း ဗျူဟာလမ်းကနေ မုံရွာ-မန္တ လေး-ရန်ကုန်အထိ တိုက်ရိုက်သွားနိုင်ပြီ။ကုန်စည်စီးဆင်းမှု ပိုကောင်းသွားတာပေါ့ ” ဟု ထမံသီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောကြားသည်။



Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို