၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၂၅ မိနစ် ) ‌အကျဉ်းချုပ်က အရင်းပြုတ်မယ့် အစီရင်ခံစာဖြစ်နေပြီဟု ဒဂုံအမတ်က လွှတ်တော်တွင်ပြော


ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၇/၁၈စာရင်းစစ်ချုပ်အစီရင်ခံစာသည် ယခင်ဘဏ္ဍာနှစ်၂ကြိမ်က ဆွေးနွေးခဲ့သကဲ့သို့ စာရင်းစစ်ချုပ်မူရင်မဟုတ်ဘဲ အကျဉ်ချုပ်အစီရင်ခံစာသာဖြစ်ပြီးယင်းအကျဉ်းချုပ်အစီရင်ခံစာသည် အရင်းပြုတ်မည့် အရာဖြစ်နေကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ပြောကြားလိုက်သည်။

“စာရင်းစစ်ချုပ်အစီရင်ခံစာအရ လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းမှာ ကွန်ကရစ်ရေတံလျောက်သုံးတယ်လို့ သိရပါတယ်။သို့သော်လည်းပဲ ၂၀၁၇၊၁၈စာရင်းစစ်ချုပ်အစီရင်ခံစာမှာ အဆိုပါ ကွန်ကရစ်ရေတံလျှောက်ဟာ ပြီးပြီလားမပြီးဘူးလား ကျွန်တော်တို့ မသိရပါဘူး။အဲဒါပြီးလားမပြီးဘူးလား ကျွန်တော်အနေနဲ့ သိလိုပါတယ်။အဆိုပါငွေများဟာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

အများပိုင်သယ်ယူပို့ဆောင်ရေးတွင် ငွေကျေးအရှုံးပေါ်ခြင်းနှင့်ပတ်သက်ပြီး “ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့်အတွက် အခု ကျွန်တော်တို့တွေ့နေရတာက YPBCနဲ့ YUPT မှာ ကျပ်သန်းပေါင်း၃၈၀၀ကျော် အရှုံးပေါ်နေတယ်။နောက်ပြီးတော့ ရင်းနှီးမြှပ်နှံထားတဲ့ မက်ထရိုပိုလီတန်နဲ့ NYDC ကုမ္ပဏီကလည်းဘဏ်တိုး ကိုအဓိကထားပြီးမြတ်နေတာဖြစ်ပါတယ်။သို့သော်လည်းပဲ ဝန်ကြီးချုပ်ကြီးအနေနဲ့ စီမံခန့်ခွဲတဲ့အနေနဲ့ ဒီငွေတွေကို ဆုံးရှုံးမှုမဖြစ်အောင် စီမံခန့်ခွဲမယ်လို့ ကတိစကားပြောထားတာရှိပါတယ်။ဒါကိုလက်ခံပါတယ်။သို့သော်လည်းပဲ ၂၀၁၇၊၁၈အကျဉ်းချုပ်အစီရင်ခံစာမှာ အရင်းပြုတ်မယ့်အနေအထားဖြစ်နေပါတယ်”ဟုလည်း ယင်းက ထည့်သွင်ပြောဆိုခဲ့သည်။



အဆိုပါအစီရင်ခံစာသည် ယခင်နှစ်များအတိုင်း မူရင်းကိုဆွေးနွေးခွင့်မရရှိဘဲ အကျဉ်းချုပ်ကိုသာရရှိသည့် အပြင် ၂၀၁၇/၁၈ဘဏ္ဍာနှစ် အစီရင်ခံစာသည် ၂၀၁၉ထဲတွင်ဆွေးနွေးရမည်ဖြစ်ကြောင်း ယင်းကဲ့သို့ အချိန် ၆လခန့် နောက်ကျဆွေးနွေးရသည့်ခြင့်ကြောင့် မည်သူ့တွင်တာဝန်ရှိကြောင်းရှင်းပြစေလိုသည်ဟု ဆွေးနွေးခဲ့သည်။
“ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု တာဝန်ယူမှုတာဝန်ခံမှုတွေဟာ တစ်နှစ်ထက်တစ်နှစ်လျော့ကျနေတယ်လို့ တင်ပြချင်ပါတယ်”ဟု ဦးကျော်ဇေယျကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သုံးနှစ်အမြတ်ငွေဖြင့် အရံမီးစက်ကြီးဝယ်ယူခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ Limited တင်ဒါဖြင့်ဝယ်ယူခဲ့ပြီး နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်မှုနှင့်လွဲမှားနေကြာင်းကိုလည်းပြောကြားခဲ့သည်။ယင်းကြောင့် တာဝန်ရှိသူများမည်ကဲ့သို့ဆောင်ရွက်ခဲ့ကြောင်းလွှတ်တော်တွင်ရှင်းလင်းပေးစေလိုသည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇/၁၈ဘဏ္ဍာရေးနှင့် စစ်ေ်ဆးတွေ့ရှိချက်အစိရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များးကို ဇန်နဝါရီ၂၁ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေစဉ်ဦးကျော်ဇေယျက အထက်ပါတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို