၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၀ မိနစ်) မန္တလေး Sky Walk မီးလောင်ကျွမ်းမှုမှာ မိမိတို့ဆိုင်ဘက်မှ စတင်လောင်ကျွမ်းခြင်း မဟုတ်ကြောင်း Giordano ဆိုင် တာဝန်ရှိသူငြင်းဆို


မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ Sky Walk မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးနှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်း တစ်သာင်းဆုံးရှုံးခဲ့ပြီး စတင်မီးလောင်စေခဲ့သည့်ဆိုင်မှာ ပထမထပ်မှ Giordano ဖြစ်ပြီး တာဝန်ရှိသူကို အရေးယူအမှုဖွင့်ရန်ဆောင်ရွက်နေသည်ဟု မီးသတ်ဌာနမှ ပြောကြားခဲ့သော်လည်း မန္တလေး Sky Wall ရှော့ပင်းမောလ်မီးလောင်ကျွမ်းမှုမှာ စုံစမ်းစစ်ဆေးပြီးမှ အဖြေပေါ်မည်ဖြစ်ပြီး မိမိတို့ဆိုင်ဘက်မှ စတင်လောင်ကျွမ်းခြင်းမဟုတ်ကြောင်း Giordano ဆိုင်တာဝန်ရှိသူက ငြင်းဆိုခဲ့သည်။
sky walk မီးလောင်ကျွမ်းမှုကြောင့် ပစ္စည်းနှင့် အဆောက်အဦးတန်ဖိုး ကျပ်သိန်းတစ်သောင်းဖြစ်ပြီးစတင်လောင်ကျွမ်းစေခဲ့သည့် Giordanoဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးအမှုဖွင့် ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဇော်ဦးက ဖြေကြားခဲ့သော်လည်း "အစ်မတို့ ဆိုင်က စလောင်တာ လုံးဝမဟုတ်ပါဘူး။ ဘယ်ဆိုင်က လောင်တာလဲဆိုတာ စုံစမ်းစစ်‌ဆေးပြီး အဖြေပေါ်လာမှာပါ။ သတင်းတွေ ထွက်ပေါ်နေသလို အစ်မတို့ဆိုင်က စလောင်ကျွမ်းတာ လုံးဝမဟုတ်ပါဘူး"ဟု Giordano မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Sky walk ရှော့ပင်းမောလ် မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၁၂၅ ခန်း မီးလောင်ပျက်ဆီးခဲ့ရသည်။အဆိုပါ မီးလောင်မှုသည် ဇန်နဝါရီ ၁၇ ညနေ ၆ နာရီမှ စတင်ကာ ဇန်နဝါရီ ၁၈ ရက် နံနက် ၂ နာရီကျော်မှသာ မီးငြိမ်းခဲ့ကြောင်း သိရသည်။

Comments

Popular posts from this blog

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို