Posts

၂၄.၁.၂၀၂၀ ( နံနက် ၁၀ နာရီ ၁၀ မိနစ် ) တပ်မတော်က တရားစွဲထားသည့် ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကို ဝရမ်းထုတ်

Image
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဝရမ်းထုတ်လိုက် ပါတယ်။  ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး နိုင်ငံတော် အကြည်ညှိပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားစွဲဆိုထားတာပါ။  ပြီးခဲ့တဲ့ ရုံးချိန်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ မတက်ရောက်ခဲ့တာကြောင့် ဝရမ်းထုတ်တာလို့ သိရပါတယ်။  ရဲတပ်ဖွဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၂၀၂)အရ မစစ်ဆေးရသေးတာမို့ စစ်ဆေးပေးဖို့စာတင်ထား တဲ့အတွက် ရုံးချိန်းမတက်ရောက်ဖြစ်တာဖြစ်ပြီး တရားရုံးက နားလည်မှုလွဲမှားကာ ဝရမ်းထုတ် လိုက်တာလို့ ယူဆကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။  လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်မယ်ဆိုတဲ့ အကြောင်းတရားရုံးကို ဒီနေ့ပဲ စာပေးပို့သွားမှာဖြစ်တာကြောင့် ဝရမ်းကို အတည်ပြုစရာ မလိုတော့ဘူ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၅၄ မိနစ် ) ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို စတင်လုပ်ဆောင်မည်

Image
ချင်းတွင်းမြစ် အထက်ပိုင်းဒေသရှိ အိန္ဒိယ - မြန်မာနယ်စပ် ၊ နာဂဒေသနှင့် ခန္တီး -ဟုမ္မလင်း -ဖောင်းပြင်-သက္ကယ်ချင်းလမ်း တို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။ “ဒီနှစ် ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်မှာ ပြည်ထောင်စု ဘတ်ဂျက်က သန်း ၁၀၀ တော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ လုပ်မယ်။ အလိုင်းမင့်ကလည်း သေချာသွားပြီ။ အလိုင်းမင့်နံပါတ် ၁ ကို ရွေးလိုက်ပါတယ်။ ဒေသခံတွေကလည်း သဘောတူတယ်။ ချဉ်း ကပ်လမ်းမှာ လက်ဖက်ခင်း ၁၄ ဧက ဖျက်ရ မယ်။ ပင်းမာရွာဘက်မှာ မူလတန်းကျောင်း ရဲ့ဝန်ထမ်းအိမ်ရာနှစ်လုံးပါတယ်။ အဲဒါတွေ ကိုတွက်ပြီးတော့ မြို့နယ်ခရိုင်တွေက တွက် ချက်တင်ပြရမှာပေါ့။ လာမယ့် ဘတ်ဂျက်မှာ တော့ ပြည်ထောင်စုကလည်း လျာထားပေါ့။ တိုင်းဒေသကြီး ဘတ်ဂျက်ကလည်း အထိုက် အလျောက်လျာထားပေါ့။ အဲဒီကျမှ အရှိန် အဟုန်နဲ့ဆောင်ရွက်မှာပါ။ အခုရလာတဲ့ ကျပ်သန်း ၁၀၀ နဲ့အကြို အင်ဂျင်နီယာလုပ် ငန်းတွေ စတင်လုပ်ဆောင်ပါ့မယ်။ မြေအနေ အထား စမ်းသပ်တာ၊ လမ်းအူကြောင်းလုပ် တာတို့ ဆောင်ရွက်မယ်ပေါ့။ အခု အတ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၉ မိနစ် ) နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံမြေမှ ရေနံစိမ်းထွက်ရှိမှု ရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသဖြင့် အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ

Image
နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံ မြေမှရေနံစိမ်းထွက်ရှိမှုရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသည့်အတွက် အထွက်နှုန်း တိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်အင်ဝန်ကြီးဌာနမှ သိရသည်။ ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် တည်ရှိပြီး ၁၉၆၅ ခု နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစိမ်း၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်တွင် တစ်နေ့လျှင် သဘာ၀ ဓာတ်ငွေ့ ၂၅ ဒသမ ၆၁၈ ကုဗပေသန်းအထိ အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထုတ်လုပ်မှုသက်တမ်းကြာမြင့်တာပြီ ဖြစ်သောကြောင့် လက်ရှိတွင် ပြည်ရေနံမြေ အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်း ပေါင်း ၁၅ ခုမှ တစ်နေ့လျှင် ရေနံစိမ်း ၁၁၂ စည်နှင့် သဘာဝဓာတ်ငွေ့ သုည ဒသမ ၀၇၈၃ ကုဗပေသန်းသာ ထုတ်လုပ်ထားနိုင်သည်။ အဆိုပါပြည်ရေနယ်မြေ၏ လက်ရှိရေနံစိမ်းတစ်ရက်ထုတ်လုပ်မှုသည် အမြင့်ဆုံး ထုတ်လုပ်ခဲ့သည့် ၁၉၉၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရေနံစိမ်းစည် ၂၄၅၁ စည်အထိ လျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့်

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၂၅ မိနစ် ) ‌အကျဉ်းချုပ်က အရင်းပြုတ်မယ့် အစီရင်ခံစာဖြစ်နေပြီဟု ဒဂုံအမတ်က လွှတ်တော်တွင်ပြော

Image
ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၇/၁၈စာရင်းစစ်ချုပ်အစီရင်ခံစာသည် ယခင်ဘဏ္ဍာနှစ်၂ကြိမ်က ဆွေးနွေးခဲ့သကဲ့သို့ စာရင်းစစ်ချုပ်မူရင်မဟုတ်ဘဲ အကျဉ်ချုပ်အစီရင်ခံစာသာဖြစ်ပြီးယင်းအကျဉ်းချုပ်အစီရင်ခံစာသည် အရင်းပြုတ်မည့် အရာဖြစ်နေကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ပြောကြားလိုက်သည်။ “စာရင်းစစ်ချုပ်အစီရင်ခံစာအရ လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းမှာ ကွန်ကရစ်ရေတံလျောက်သုံးတယ်လို့ သိရပါတယ်။သို့သော်လည်းပဲ ၂၀၁၇၊၁၈စာရင်းစစ်ချုပ်အစီရင်ခံစာမှာ အဆိုပါ ကွန်ကရစ်ရေတံလျှောက်ဟာ ပြီးပြီလားမပြီးဘူးလား ကျွန်တော်တို့ မသိရပါဘူး။အဲဒါပြီးလားမပြီးဘူးလား ကျွန်တော်အနေနဲ့ သိလိုပါတယ်။အဆိုပါငွေများဟာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။ အများပိုင်သယ်ယူပို့ဆောင်ရေးတွင် ငွေကျေးအရှုံးပေါ်ခြင်းနှင့်ပတ်သက်ပြီး “ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့်အတွက် အခု ကျွန်တော်တို့တွေ့နေရတာက YPBCနဲ့ YUPT မှာ ကျပ်သန်းပေါင်း၃၈၀၀ကျော် အရှုံးပေါ်နေတယ်။နောက်ပြီးတော့ ရင်းနှီးမြှပ်နှံထားတဲ့ မက်ထရိုပိုလီတန်နဲ့ NYDC ကုမ္ပဏီကလည်းဘဏ်တိုး ကိုအဓိကထားပြီးမြတ်နေတာဖြစ်ပါတယ်။သို့သော်လည်းပဲ ဝန်ကြီးချုပ်ကြီးအနေနဲ့ စီမ

၂၁.၁.၂၀၂၀ ( နံနက် ၈ နာရီ ၁၀ မိနစ် ) ‌NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင့်ကို ပြန်လွတ်လိုက်ပြီဟု AA သတင်းထုတ်ပြန်

Image
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခူမီးအမျိုးသား ဦးဝှေးတင့်ကို ပြန်လည် လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ဦးဝှေ့တင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၂ လနှင့် ၁၇ ရက် အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင်ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။  ယနေ့ ညနေ ၄ နာရီ အချိန်တွင် ဦးဝှေ့တင်းဇနီးဖြစ်သူအား ဆက်သွယ်ရာ ဖုန်းလိုင်းမအားသေးသဖြင့် ဆက်သွယ်၍ မရရှိသေးပါ။

၂၁.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၈ မိနစ် ) ‌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာမည့် ပင်လည်ဘူးမြို့တွင် လုံခြုံရေးထူထပ်စွာ ချထား

Image
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့သို့ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ယင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော် အပါအဝင် လုံခြုံရေး ထူထပ်စွာ ချထားသည်ကို တွေ့ရရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြို့ခံလူထုနှင့် အခြားနယ်ခံများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြရန်အတွက် နံနက်အစောပိုင်းကတည်းက လှုပ်ရှားပြင်ဆင်နေကြကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ရဟတ်ယာဉ်သည် ပင်လည်ဘူးမြို့ ပြည်သူ့အားကစားတွင် ကွင်းဆင်းမည်ဖြစ်ပြီး ယင်းပြည်သူ့ အားကစားကွင်းကနေတစ်ဆင့် ကားဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများလည်း ဇန်နဝါရီလ ၂

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၃ မိနစ်) ဟင်္သာတခရိုင်အတွင်း တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းမည်ဖြစ်၍ စိုးရိမ်ထိတ်လန့်ခြင်းမရှိစေရေး သတိပေး

Image
မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ တိုက်ခိုက်ရေးလေ ယာဉ်များ ပျံသန်းစဉ် ကောင်းကင် တွင် ပြင်းထန်သော ပေါက်ကွဲသံ များ ထွက်ပေါ်လာမည်ဖြစ်၍ စိုးရိမ် ထိတ်လန့်ခြင်းမရှိရန် ဟင်္သာတခရိုင်အတွင်း သတိပေး ချက်ထုတ်ပြန်သည်။ မင်္ဂလာဒုံလေတပ်စခန်းဌာန ချုပ်၊ လေတပ်ဆွယ်(မှော်ဘီ)မှ တိုက်ခိုက်ရေးလေယာဉ်များ သည် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရာသီဥတုသာယာချိန်များ တွင် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းမည်ဖြစ်ကြောင်း  တိုင်းစစ်ဌာနချုပ်၏ အသိပေးချက်ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံလူထုထံ ထပ်ဆင့်သတိပေးခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့တွေက ဒီအ ချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေဆီ အဆင့်ဆင့် အကြောင်း ကြားနေတယ်။ ဖုန်းနဲ့က မြန် တယ်။ စာက နောက်ကလိုက် မယ်’’ဟု ဟင်္သာတမြို့နယ် အုပ် ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဇန် နဝါရီ ၁၉ ရက်တွင်ပြောသည်။ အဆိုပါ ပျံသန်းမှုသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည်ဖြစ် ၍ ဒေသခံအားလုံး အချိန်မီသိရှိ နိုင်ရန် လိုအပ်သည်။ Supersonic Flight ဟုခေါ် သော အသံထက်မြန်သောနှုန်းဖြင့် တိုက်လေယာဉ်များ ပျံသန်းစဉ် ကျယ်လောင်သောပေါက်ကွဲသံ များထွက်ပေါ်လေ့ရှိပြီး လေတပ် စခန်းဌာနချုပ်ရှိသော ဒေသများ နှင့် အနီးဝန်း