Posts

Showing posts from January, 2020

၂၄.၁.၂၀၂၀ ( နံနက် ၁၀ နာရီ ၁၀ မိနစ် ) တပ်မတော်က တရားစွဲထားသည့် ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကို ဝရမ်းထုတ်

Image
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဝရမ်းထုတ်လိုက် ပါတယ်။  ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး နိုင်ငံတော် အကြည်ညှိပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားစွဲဆိုထားတာပါ။  ပြီးခဲ့တဲ့ ရုံးချိန်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ မတက်ရောက်ခဲ့တာကြောင့် ဝရမ်းထုတ်တာလို့ သိရပါတယ်။  ရဲတပ်ဖွဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၂၀၂)အရ မစစ်ဆေးရသေးတာမို့ စစ်ဆေးပေးဖို့စာတင်ထား တဲ့အတွက် ရုံးချိန်းမတက်ရောက်ဖြစ်တာဖြစ်ပြီး တရားရုံးက နားလည်မှုလွဲမှားကာ ဝရမ်းထုတ် လိုက်တာလို့ ယူဆကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။  လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်မယ်ဆိုတဲ့ အကြောင်းတရားရုံးကို ဒီနေ့ပဲ စာပေးပို့သွားမှာဖြစ်တာကြောင့် ဝရမ်းကို အတည်ပြုစရာ မလိုတော့ဘူ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၅၄ မိနစ် ) ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို စတင်လုပ်ဆောင်မည်

Image
ချင်းတွင်းမြစ် အထက်ပိုင်းဒေသရှိ အိန္ဒိယ - မြန်မာနယ်စပ် ၊ နာဂဒေသနှင့် ခန္တီး -ဟုမ္မလင်း -ဖောင်းပြင်-သက္ကယ်ချင်းလမ်း တို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီး ဦးသန်းညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။ “ဒီနှစ် ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်မှာ ပြည်ထောင်စု ဘတ်ဂျက်က သန်း ၁၀၀ တော့ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ လုပ်မယ်။ အလိုင်းမင့်ကလည်း သေချာသွားပြီ။ အလိုင်းမင့်နံပါတ် ၁ ကို ရွေးလိုက်ပါတယ်။ ဒေသခံတွေကလည်း သဘောတူတယ်။ ချဉ်း ကပ်လမ်းမှာ လက်ဖက်ခင်း ၁၄ ဧက ဖျက်ရ မယ်။ ပင်းမာရွာဘက်မှာ မူလတန်းကျောင်း ရဲ့ဝန်ထမ်းအိမ်ရာနှစ်လုံးပါတယ်။ အဲဒါတွေ ကိုတွက်ပြီးတော့ မြို့နယ်ခရိုင်တွေက တွက် ချက်တင်ပြရမှာပေါ့။ လာမယ့် ဘတ်ဂျက်မှာ တော့ ပြည်ထောင်စုကလည်း လျာထားပေါ့။ တိုင်းဒေသကြီး ဘတ်ဂျက်ကလည်း အထိုက် အလျောက်လျာထားပေါ့။ အဲဒီကျမှ အရှိန် အဟုန်နဲ့ဆောင်ရွက်မှာပါ။ အခုရလာတဲ့ ကျပ်သန်း ၁၀၀ နဲ့အကြို အင်ဂျင်နီယာလုပ် ငန်းတွေ စတင်လုပ်ဆောင်ပါ့မယ်။ မြေအနေ အထား စမ်းသပ်တာ၊ လမ်းအူကြောင်းလုပ် တာတို့ ဆောင်ရွက်မယ်ပေါ့။ အခု အတ

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၉ မိနစ် ) နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံမြေမှ ရေနံစိမ်းထွက်ရှိမှု ရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသဖြင့် အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ

Image
နှစ်ပေါင်း၂၀ ကျော်အတွင်း ပြည်ရေနံ မြေမှရေနံစိမ်းထွက်ရှိမှုရာခိုင်နှုန်း ၉၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ထွက်ရှိမှု ၉၉ ရာခိုင်နှုန်းကျော်အထိ လျော့ကျလာသည့်အတွက် အထွက်နှုန်း တိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ အကောင်အထည်ဖော်၍ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်အင်ဝန်ကြီးဌာနမှ သိရသည်။ ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် တည်ရှိပြီး ၁၉၆၅ ခု နှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစိမ်း၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်တွင် တစ်နေ့လျှင် သဘာ၀ ဓာတ်ငွေ့ ၂၅ ဒသမ ၆၁၈ ကုဗပေသန်းအထိ အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထုတ်လုပ်မှုသက်တမ်းကြာမြင့်တာပြီ ဖြစ်သောကြောင့် လက်ရှိတွင် ပြည်ရေနံမြေ အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်း ပေါင်း ၁၅ ခုမှ တစ်နေ့လျှင် ရေနံစိမ်း ၁၁၂ စည်နှင့် သဘာဝဓာတ်ငွေ့ သုည ဒသမ ၀၇၈၃ ကုဗပေသန်းသာ ထုတ်လုပ်ထားနိုင်သည်။ အဆိုပါပြည်ရေနယ်မြေ၏ လက်ရှိရေနံစိမ်းတစ်ရက်ထုတ်လုပ်မှုသည် အမြင့်ဆုံး ထုတ်လုပ်ခဲ့သည့် ၁၉၉၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရေနံစိမ်းစည် ၂၄၅၁ စည်အထိ လျော့ကျခဲ့သည်။ ရာခိုင်နှုန်းအားဖြင့်

၂၂.၁.၂၀၂၀ ( နံနက် ၈ နာရီ ၂၅ မိနစ် ) ‌အကျဉ်းချုပ်က အရင်းပြုတ်မယ့် အစီရင်ခံစာဖြစ်နေပြီဟု ဒဂုံအမတ်က လွှတ်တော်တွင်ပြော

Image
ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၇/၁၈စာရင်းစစ်ချုပ်အစီရင်ခံစာသည် ယခင်ဘဏ္ဍာနှစ်၂ကြိမ်က ဆွေးနွေးခဲ့သကဲ့သို့ စာရင်းစစ်ချုပ်မူရင်မဟုတ်ဘဲ အကျဉ်ချုပ်အစီရင်ခံစာသာဖြစ်ပြီးယင်းအကျဉ်းချုပ်အစီရင်ခံစာသည် အရင်းပြုတ်မည့် အရာဖြစ်နေကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်တွင်ပြောကြားလိုက်သည်။ “စာရင်းစစ်ချုပ်အစီရင်ခံစာအရ လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းမှာ ကွန်ကရစ်ရေတံလျောက်သုံးတယ်လို့ သိရပါတယ်။သို့သော်လည်းပဲ ၂၀၁၇၊၁၈စာရင်းစစ်ချုပ်အစီရင်ခံစာမှာ အဆိုပါ ကွန်ကရစ်ရေတံလျှောက်ဟာ ပြီးပြီလားမပြီးဘူးလား ကျွန်တော်တို့ မသိရပါဘူး။အဲဒါပြီးလားမပြီးဘူးလား ကျွန်တော်အနေနဲ့ သိလိုပါတယ်။အဆိုပါငွေများဟာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။ အများပိုင်သယ်ယူပို့ဆောင်ရေးတွင် ငွေကျေးအရှုံးပေါ်ခြင်းနှင့်ပတ်သက်ပြီး “ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့်အတွက် အခု ကျွန်တော်တို့တွေ့နေရတာက YPBCနဲ့ YUPT မှာ ကျပ်သန်းပေါင်း၃၈၀၀ကျော် အရှုံးပေါ်နေတယ်။နောက်ပြီးတော့ ရင်းနှီးမြှပ်နှံထားတဲ့ မက်ထရိုပိုလီတန်နဲ့ NYDC ကုမ္ပဏီကလည်းဘဏ်တိုး ကိုအဓိကထားပြီးမြတ်နေတာဖြစ်ပါတယ်။သို့သော်လည်းပဲ ဝန်ကြီးချုပ်ကြီးအနေနဲ့ စီမ

၂၁.၁.၂၀၂၀ ( နံနက် ၈ နာရီ ၁၀ မိနစ် ) ‌NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင့်ကို ပြန်လွတ်လိုက်ပြီဟု AA သတင်းထုတ်ပြန်

Image
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ခူမီးအမျိုးသား ဦးဝှေးတင့်ကို ပြန်လည် လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ဦးဝှေ့တင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၂ လနှင့် ၁၇ ရက် အကြာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင်ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။  ယနေ့ ညနေ ၄ နာရီ အချိန်တွင် ဦးဝှေ့တင်းဇနီးဖြစ်သူအား ဆက်သွယ်ရာ ဖုန်းလိုင်းမအားသေးသဖြင့် ဆက်သွယ်၍ မရရှိသေးပါ။

၂၁.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၈ မိနစ် ) ‌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာမည့် ပင်လည်ဘူးမြို့တွင် လုံခြုံရေးထူထပ်စွာ ချထား

Image
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့သို့ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ယင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော် အပါအဝင် လုံခြုံရေး ထူထပ်စွာ ချထားသည်ကို တွေ့ရရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြို့ခံလူထုနှင့် အခြားနယ်ခံများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြရန်အတွက် နံနက်အစောပိုင်းကတည်းက လှုပ်ရှားပြင်ဆင်နေကြကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ရဟတ်ယာဉ်သည် ပင်လည်ဘူးမြို့ ပြည်သူ့အားကစားတွင် ကွင်းဆင်းမည်ဖြစ်ပြီး ယင်းပြည်သူ့ အားကစားကွင်းကနေတစ်ဆင့် ကားဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်မည့် ပင်လည်ဘူးမြို့ အားကစားခန်းမဆောင်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများလည်း ဇန်နဝါရီလ ၂

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၃ မိနစ်) ဟင်္သာတခရိုင်အတွင်း တိုက်ခိုက်ရေးလေယာဉ်များ ပျံသန်းမည်ဖြစ်၍ စိုးရိမ်ထိတ်လန့်ခြင်းမရှိစေရေး သတိပေး

Image
မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ တိုက်ခိုက်ရေးလေ ယာဉ်များ ပျံသန်းစဉ် ကောင်းကင် တွင် ပြင်းထန်သော ပေါက်ကွဲသံ များ ထွက်ပေါ်လာမည်ဖြစ်၍ စိုးရိမ် ထိတ်လန့်ခြင်းမရှိရန် ဟင်္သာတခရိုင်အတွင်း သတိပေး ချက်ထုတ်ပြန်သည်။ မင်္ဂလာဒုံလေတပ်စခန်းဌာန ချုပ်၊ လေတပ်ဆွယ်(မှော်ဘီ)မှ တိုက်ခိုက်ရေးလေယာဉ်များ သည် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ရာသီဥတုသာယာချိန်များ တွင် အသံထက်မြန်သောနှုန်းဖြင့် ပျံသန်းမည်ဖြစ်ကြောင်း  တိုင်းစစ်ဌာနချုပ်၏ အသိပေးချက်ကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံလူထုထံ ထပ်ဆင့်သတိပေးခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့တွေက ဒီအ ချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေဆီ အဆင့်ဆင့် အကြောင်း ကြားနေတယ်။ ဖုန်းနဲ့က မြန် တယ်။ စာက နောက်ကလိုက် မယ်’’ဟု ဟင်္သာတမြို့နယ် အုပ် ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဇန် နဝါရီ ၁၉ ရက်တွင်ပြောသည်။ အဆိုပါ ပျံသန်းမှုသည် ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည်ဖြစ် ၍ ဒေသခံအားလုံး အချိန်မီသိရှိ နိုင်ရန် လိုအပ်သည်။ Supersonic Flight ဟုခေါ် သော အသံထက်မြန်သောနှုန်းဖြင့် တိုက်လေယာဉ်များ ပျံသန်းစဉ် ကျယ်လောင်သောပေါက်ကွဲသံ များထွက်ပေါ်လေ့ရှိပြီး လေတပ် စခန်းဌာနချုပ်ရှိသော ဒေသများ နှင့် အနီးဝန်း

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၂၀ မိနစ်) ကုန်ဈေးနှုန်း ထိန်းညှိပေးရေးနှင့် ဖူလုံသော လစာရရေး နှစ်နေရာတွင် အလုပ်သမားထောင်နှင့်ချီ ဆန္ဒပြတောင်းဆို

Image
ကုန်ဈေးနှုန်း ကြီးမြင့်မှု ထိန်းချုပ်ပေးရေးနှင့် ဖူလုံမှုရှိ သော လုပ်ခလစာနှုန်းထား အသစ်တိုးမြှင့် သတ်မှတ်ပေးရန် ထောင် ချီသော အလုပ်သမားများက ဇန် နဝါရီ ၁၉ ရက်တွင် နေရာနှစ်ခု၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ရွှေပြည်သာမြို့နယ် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား ၁,၇၀၀ ကျော်က လှော်ကားဘူ တာရုံအနီးမှ လေးမိုင်ခန့် ကွာဝေး သော အလုပ်သမားဆက်ဆံရေး ရုံးရှေ့အထိ ချီတက်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်ပေး ရန်၊ လုပ်ခလစာ မလုံလောက်မှုကြောင့် လက်ရှိရနေသော အနည်းဆုံး အခကြေးငွေနှုန်းထားကို အစိုးရက ဖူလုံမှုရှိသော လုပ်ခလစာနှုန်းထား အသစ်တိုးမြှင့် သတ် မှတ်ပေးရန် ခေတ်ကာလနှင့် လျော်ညီသော လုပ်ခလစာ ရရှိ ရေး၊ အလုပ်သမားသမဂ္ဂများ အလုပ်ထုတ်ခြင်းမှ ကာကွယ်ပေးရေး၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ပေးရေး စသည့်အချက်များကို အလုပ်သမားများက တောင်းဆိုခဲ့သည်။ အစိုးရ သတ်မှတ်ပေးထား သော အနည်းဆုံးအခကြေးငွေ သည် လက်ရှိကုန်ဈေးနှုန်းဖြင့် မလုံလောက်ခြင်းကြောင့် သင့်လျော်သည့် နှုန်းထားတစ်ခုသို့ တိုးမြှင့် ပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ် သည်ဟု ရွှေပြည်သာမြို့နယ် အခြေစိုက် STUM အလုပ်သမာ

၂၀.၁.၂၀၂၀ ( နေ့လည် ၄ နာရီ ၈ မိနစ် ) ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း၊YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည်

Image
ရန်ကုန်မြို့တော်ဝန်၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ပိတ်သိမ်း YCDC အမည်ဖြင့် ပေ့ချ်ဖွင့်ကာ သတင်းများတင်ဆက်မည် By မြင့်ကျော်လှိုင် on Sunday, January 19, 2020 - 18:58 ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအသုံးပြုသည့် Mayor Maung Maung Soe ဖေ့စ်ဘွတ်ခ်ပေ့ချ်သည် ကိုယ်ရေး ကိုယ်တာသုံး အကောင့်ဖြစ်နေသ ဖြင့် ပိတ်လိုက်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ ‘‘သူတင်တာတွေက YCDC ကိုယ်စားပြု တင်တာဖြစ်တယ်။ သို့သော် တကယ့်အကောင့်က ပါဆင်နယ်အကောင့် ဖြစ်နေ တယ်။ ဟက်ကာကြောင့်မဟုတ် ပါဘူး။ မြို့တော်ဝန်ရဲ့ ဖေ့စ် ဘွတ်ခ်အကောင့်က သူ့ရဲ့ပါဆင် နယ် အကောင့်ဖြစ်တဲ့အတွက် ကြောင့် သူကပိတ်လိုက်တာပေါ့’’ ဟု ဦးသန်းက ပြောသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန က မြို့တော်ဝန်ကိုယ်စား YCDC အမည်ဖြင့် ပေ့ချ်အသစ်ဖွင့်လှစ် ကာ သတင်းအချက်အလက်များ ဆက်လက်တင်ဆက်မည်ဖြစ်ပြီး မြို့တော်ဝန်၏ Mayor Maung Maung Soe ပေ့ချ်ကိုမူ ရှာတွေ့ တော့မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ ၂၀၁၉ ဇွန်လတွင် Social Media Development Myanmar အဖွဲ့က ရန်ကုန်မြို့တော် ဝန်ဖေ့စ

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၅၈ မိနစ် ) စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

Image
မန္တလေးပညာရေးကောလိပ် ကျောင်းသားတွေက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ မတ်လကုန်အထိ စာသင်ချိန်တိုးမြင့်ခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ပေးဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့က လမ်းလျှောက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဗကသ ကျောင်းသားအောင်ဖြိုးဝေက “ကျနော်အနေနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်လိုက်တဲ့မတ်လကုန်အထိ စာသင်ချိန် တိုးမြှင့်လိုက်တာကြောင့် ကျောင်းသားငယ်တွေနဲ့ မိဘတွေ/ဆရာမတွေ အခက်အခဲများစွာ တွေ့ကြရမှာဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းကျကျ ပြောင်းလည်းဖို့ ဆရာမတွေအနေနဲ့ရော ကျောင်းသား တွေအနေနဲ့ပါ တောင်းဆိုနေတာဖြစ်ပါတယ်။ အဲလိုတောင်းဆိုမှသာ ကျနော်တို့ ဒီမိုကရေစီပညာရေးနဲ့အညီ နိုင်ငံတော်ရဲ့ပညာရေး ကလေးတွေ ပညာရေးရော တိုင်းပြည်ရဲ့ပညာရေးရော ကောင်းမွန်လာမှာဖြစ်တယ်။ ဒါကြောင့် အခု ပညာရေး ဝန်ကြီးဌာက ထုတ်ပြန်ထားတာကို ပြင်ဆင်ပေးဖို့တောင်းဆိုရတာဖြစ်တယ်”လို့ ပြောပါတယ်။ အခြေံပညာကာလ တိုးမြှင့်ခြင်းအား အမြန်ဆုံး ပြန်လည်ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စနစ်နဲ့အညီ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာရေး၊ သုတေသန မဆန်သော ပညာရေး စနစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာပြောင်းလဲမှု အလိုမရှိ စတဲ့ တောင်းကြွေးကျော်သံများ ကြွေးကျော်ပြီး

၂၀.၁.၂၀၂၀ ( နေ့လည် ၂ နာရီ ၃၂ မိနစ်) တရုတ်နှစ်သစ်ကူးမတိုင်မီ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံစျေးကွက်သို့ တစ်နေ့လျှင် သစ်သီးတင်ယာဉ်စီးရေ ၆၀၀ ခန့် ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

Image
တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည့် ဖရဲသီး၊ သခွားတင်ယာဉ်များ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီး ဝလံစျေးကွက်အတွင်းသို့ တစ်နေ့လျှင် ယာဉ်စီးရေ ၆၀၀ ခန့်အထိ ဝင်ရောက်ရောင်းချလျက်ရှိနေကြောင်း မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်းမှ သိရသည်။ ယခုအချိန်သည် မြန်မာပြည်အလယ်ပိုင်းဒေသထွက် ဖရဲ၊ သခွား သစ်သီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးမတိုင်မီ တရုတ်နိုင်ငံဘက်မှ သစ်သီးလာရောက်ဝယ်ယူသူများပြားသဖြင့် သစ်သီးစျေးကွက် ကောင်းမွန်နေကြောင်း မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်းမှ သိရသည်။ “ အခုသစ်သီးစျေးတွေ ကောင်းနေပါတယ်။ သခွားမွှေးဆိုရင်လည်း တစ်ကီလိုကို တရုတ်ငွေ လေးယွမ်၊ ငါးယွမ်လောက်အထိရတယ်။ ဖရဲလည်း တစ်ကီလိုကို နှစ်ယွမ်၊ သုံးယွမ်လောက်အထိ ရတယ်။ ဖရဲကျတော့ ကားစင်းလုံးပြတ် ဝယ်တာများတယ်။ တရုတ်ငွေ ယွမ် ၄၀၀၀၀ လောက်အထိရတယ်။ ၁၃ တန်၊ ၁၄ တန်ယာဉ်တွေပေါ့။ တစ်ရက်တစ်ရက် သစ်သီးတင်ယာဉ်ဝင်သလောက် ရောင်းကုန်တယ်။ ကျန်ရင်လည်း လေးငါးစီးလောက်ပဲ ကျန်တယ်။ ကျန်တဲ့ သစ်သီးကားတွေကလည်း ဝယ်လက်ကပေးတဲ့ စျေးကိုမကြိုက်လို့ ကျန်ခဲ့တဲ့သဘောပေါ့။ ကိုယ်နဲ့တစ်ခြံတည်းကနေ အတူတူတ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃၂ မိနစ်) မင်းပြားက ပျောက်သွားသူအချို့ကို သေဆုံးလျက်ပြန်တွေ့၊ ရွာသား ၃ဦးကို တော့၂ပတ်ကျော်ကြာတဲ့အထိ ရှာမတွေ့

Image
ဇန်နဝါရီ ပထမပတ်ထဲ မင်းပြားမြို့နယ်နဲ့ မြေပုံမြို့နယ်အကြား ရန်ကုန်-စစ်တွေအဝေးပြေးကား လမ်းမ တစ်လျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ချိန် သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးနဲ့ ဖားပျော် ကျေးရွာနဲ့ ကမ်းနီကျေးရွာအကြား ဈေးဆိုင်ရောင်းချနေ သူ ဦးခက်မောင်တို့ ပျောက်ဆုံးသွားခဲ့ပါတယ်။ သင်းပုန်းချောင်းကျေးရွာသားနှစ်ဦးဖြစ်တဲ့ ဦးမောင်သန်းမြင့် အသက် (၄၃) နှစ်နဲ့ ဦးဝင်းမောင် အသက် (၃၂)နှစ် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ညဉ့် ၂ နာရီကျော်လောက်မှာ လူတစ်ဦးကဖုန်းဆက်ပြီး ရွာပြင်ကိုထွက်ခဲ့ဖို့ ခေါ်တဲ့အတွက် ထွက်သွားခဲ့တဲ့ အချိန်ကနေ ပြန်မရောက်တော့ဘဲ ပျောက်ဆုံးသွားခဲ့ တာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။ " ၇ ရက်နေ့မိုးလင်း အရုဏ် ၂ နာရီကျော်လောက်က ထွက်သွားတာ။ အဲ့ဒီအချိန်ကနေ အဆက်အသွယ်မရ ဘဲ ဖြစ်နေတာပါ။ ဘယ်လိုကိစ္စနဲ့ထွက်သွားလဲဆိုတာကို အိမ်ကလူတွေကိုလည်းမပြောခဲ့ဘူး။ သူတို့ နှစ်ယောက်က နီးနီးကပ်ကပ်နေတာဆိုတော့ သူတို့နှစ်ယောက်ထွက်သွားတာ။ ဖုန်းဆက်လို့ခေါ်တယ်လို့ပဲ ပြောခဲ့တယ်။ ဘယ်သူခေါ်လဲဆိုတာ ပြောမသွားဘူး။"လို့ ပျောက်ဆုံးနေသူဦးဝင်းမောင်ရဲ့ဇနီးဖြစ်သူ ဒေါ်နီနီဝင်းကပြောပြပါတယ်။ သူတို့ပ

၂၀.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၂၀ မိနစ်) မန္တလေး Sky Walk မီးလောင်ကျွမ်းမှုမှာ မိမိတို့ဆိုင်ဘက်မှ စတင်လောင်ကျွမ်းခြင်း မဟုတ်ကြောင်း Giordano ဆိုင် တာဝန်ရှိသူငြင်းဆို

Image
မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ Sky Walk မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦးနှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်း တစ်သာင်းဆုံးရှုံးခဲ့ပြီး စတင်မီးလောင်စေခဲ့သည့်ဆိုင်မှာ ပထမထပ်မှ Giordano ဖြစ်ပြီး တာဝန်ရှိသူကို အရေးယူအမှုဖွင့်ရန်ဆောင်ရွက်နေသည်ဟု မီးသတ်ဌာနမှ ပြောကြားခဲ့သော်လည်း မန္တလေး Sky Wall ရှော့ပင်းမောလ်မီးလောင်ကျွမ်းမှုမှာ စုံစမ်းစစ်ဆေးပြီးမှ အဖြေပေါ်မည်ဖြစ်ပြီး မိမိတို့ဆိုင်ဘက်မှ စတင်လောင်ကျွမ်းခြင်းမဟုတ်ကြောင်း Giordano ဆိုင်တာဝန်ရှိသူက ငြင်းဆိုခဲ့သည်။ sky walk မီးလောင်ကျွမ်းမှုကြောင့် ပစ္စည်းနှင့် အဆောက်အဦးတန်ဖိုး ကျပ်သိန်းတစ်သောင်းဖြစ်ပြီးစတင်လောင်ကျွမ်းစေခဲ့သည့် Giordanoဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးအမှုဖွင့် ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဇော်ဦးက ဖြေကြားခဲ့သော်လည်း "အစ်မတို့ ဆိုင်က စလောင်တာ လုံးဝမဟုတ်ပါဘူး။ ဘယ်ဆိုင်က လောင်တာလဲဆိုတာ စုံစမ်းစစ်‌ဆေးပြီး အဖြေပေါ်လာမှာပါ။ သတင်းတွေ ထွက်ပေါ်နေသလို အစ်မတို့ဆိုင်က စလောင်ကျွမ်းတာ လုံးဝမဟုတ်ပါဘူး"ဟု Giordano မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ Sky walk ရှော့ပင်းမော

၁၄.၁.၂၀၂၀ ( နေ့လည် ၁၂ နာရီ ၃ မိနစ်) သူရိယနေဝန်းဂျာနယ်ကို မီဒီယာကျင့်ဝတ်ဖောက်ဖျက်သည့် ဂျာနယ်အဖြစ် ကြေညာ

Image
သူရိယနေဝန်းဂျာနယ်အား သတင်းမီဒီယာကျင့်ဝတ် ဖောက်ဖျက်သည့် ဂျာနယ်အဖြစ် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက ဇန်နဝါရီ ၁၃ ရက် တွင် ကြေညာလိုက်သည်။ ၂ဝ၁၉ ဒီဇင်ဘာ၂၉ ရက်ထုတ် သူရိယနေဝန်းဂျာနယ် Vol. 1, No. 279တွင် ''ခွေးသားရေပေါ်မှာ ရေး မှတ်ထားရမယ့်ငွေကြောင့် မြန်မာ ပြည်အား သစ္စာဖောက်ကြသူများ''ခေါင်းစဉ်ပါ ဓာတ်ပုံနှင့်ပုံစာ ဖော်ပြ မှုတွင် ကလေးသူငယ်များပါသော မိသားစုဓာတ်ပုံကို ဖော်ပြထားမှုကြောင့် ကျင့်ဝတ်ဖောက်သည့် ဂျာနယ်ဖြစ် ကြောင်း ကောင်စီက ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အဆိုပါဓာတ်ပုံနှင့် ရည်ညွှန်း ဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်များသည် ဆက်စပ်မှု မရှိခြင်း၊ သတင်းမီဒီယာသမားများ အတွက် ပြဋ္ဌာန်းထားသည့် သတင်းမီဒီ ယာဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည့်ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းများကို ကျူးလွန်ဖောက်ဖျက် ထားကြောင်း တွေ့ရှိရကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ ၂ဝ၁၉ ဒီဇင်ဘာ၂၉ ရက်ထုတ် သူရိယနေဝန်းဂျာနယ် Vol.1, No. 279၌ မျက်နှာဖုံး၌ အင်းဒင်အရေး ရေးသားဖော်ထုတ်ခဲ့သော ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလု